Asia21 Fan Site Asia21 Fan Site

Support

Asia21 Fan Site

Supporter


ဂျပန်နိုင်ငံသို့ လာရန် စာရွက်စာတမ်းများပြင်ဆင်သည့်အချိန်မှ စတင် Support ပေးမည်။

ဂျပန်နိုင်ငံမှာ ကျောင်းတက်ဖို့ ပြင်ဆင်တဲ့အချိန်မှာ ကျောင်းလခ၊ လုပ်ထုံးလုပ်နည်းတွေ၊ စာမေးပွဲအကြောင်းအရာ၊ ဂျပန်နိုင်ငံကို လာရောက်ပြီးနောက် နေထိုင်စရာအိမ်ရာ နဲ့ အချိန်ပိုင်းအလုပ်တွေ စသည်တို့ စိုးရိမ်စရာတွေ အများကြီးရှိပါသည်။ ထိုစိုးရိမ်ပူပန်မှုတွေလျော့နည်းသွားအောင် ကျွန်တော်တို့က တစ်ခုချင်းစီတိုင်းမှာ Support လုပ်ပေးပါမည်။ စိုးရိမ်ပူပန်တဲ့အကြောင်းအရာများကို လွတ်လပ်စွာ ဆက်သွယ်မေးမြန်းနိုင်ပါသည်။


Contact


Peer Supporter


ပြည်ဖြိုးမြင့်

ミမြန်မာနိုင်ငံ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်တွင် ဂျပန်စာမေဂျာနဲ့ ဘွဲ့ရပြီးနောက် ဂျပန်နိုင်ငံမှာ ဆက်လက်ပြီး တက္ကသိုလ်ကိုတက်ရောက်ခဲ့သည်။ ထို့နောက် တိုကျိုတက္ကသိုလ်က ဘွဲ့လွန်အတန်းမှာ ဆက်လက်ပညာဆည်းပူပြီး ယဉ်ကျေးမှုမတူတဲ့ လူမျိုးစု စုပေါင်းနေထိုင်းရေးနဲ့ ပတ်သက်တဲ့ဘာသာရပ်ကို စည်းပူးလေ့လာပြီး လူမှုဗေဒနှင့် လူမျိုးရေးဗေဒရှုထောင့်မှ နိုင်ငံတကာပြဿနာများကို ဖြေရှင်းရန် ချဉ်းကပ်နေသည်။

Chen chia cheng

အလယ်တန်းကျောင်းအထိ ထိုင်ဝမ်မှာ ပညာသင်ယူခဲ့ပြီး အထက်တန်းကျောင်းပညာရေးကိုတော့ ဂျပန်နိုင်ငံက အထက်တန်းကျောင်းမှာ တက်ခဲ့သည်။ ထို့နောက် ဂျပန်နိုင်ငံက တက္ကသိုလ်မှာ ဂျပန်ဘာသာစကားကိုအဓိကလေ့လာသင်ယူပြီး ဂျပန်ဘာသာစကား ဆရာဖြစ် အရည်အချင်းပြည့်မီ စာမေးပွဲအောင်လက်မှတ် ရထားသူလည်းဖြစ်သည်။ ဂျပန်နိုင်ငံသို့ ပညာတော်သင်လာမဲ့သူများကို ဂျပန်မထွက်မီကြားကာလအတွင်းမှာ ဂျပန်စာကို သင်ကြားပေးနေပါသည်။ .

Jin Wenquan

မိခင်ဘာသာစကားက ကိုရီးယားဘာသာစကားဖြစ်ပြီး ဂျပန်နိုင်ငံကို ပညာဆည်းပူးဖို့လာခဲ့ပါသည်။ ဂျပန်ယဉ်ကျေးမှုနှင့် ဘာသာစကားကို ကောင်းမွန်စွာ သိရှိပြီး နိုင်ငံတကာမှ ပညာတော်သင်ကျောင်းသားများကို ပံ့ပိုးကူညီပေးတဲ့အတွေ့ကြုံ ဝါရင့်သမားတစ်ယောက်လည်းဖြစ်သည်။ တက္ကသိုလ် ဘွဲ့ရပြီးနောက် ဘွဲ့လွန်ကျောင်းသို့ တက်ရောက်ခဲ့ပြီး လူမျိုးရေး ဖြစ်တည်မှုဆိုင်ရာလက္ခဏာ နဲ့ပတ်သက်တဲ့ သုတေသနကို နက်ရှိုင်းစွာ လေ့လာခဲ့သည်။ လက်ရှိမှာတော့ သမီးနှစ်ယောက်ရဲ့ ဖခင်ဖြစ်ပါသည်။

Kumagai Taishi

အင်ဒိုနီးရှားနိုင်ငံ Gadjah Mada Universityမှာ အင်ဒိုနီးရှားဘာသာစကားကို လေ့လာသင်ယူခဲ့သည်။ တက္ကသိုလ်ဘွဲ့ရပြီးနောက်တွင် အင်ဒိုနီးရှားလူမျိုးများကို ဂျပန်နိုင်ငံတွင် အလုပ်အကိုင်များအကြောင်း မိတ်ဆက်ပေးသည့် ပရောဂျက်တစ်ခုတွင် လုပ်ကိုင်နေသည်။

Furukawa Ryota

Beijing Institute of Technology University မှာ ပညာသင်ယူခဲ့ပြီး တရုတ်ဘာသာစကားနှင့် စိုက်ပျိုးရေးဆိုင်ရာ စီးပွားရေးပညာရပ်ကို လေ့လာသင်ယူခဲ့သည်။ ထို့နောက် ဂျပန်နိုင်ငံမှာ သဘာဝပတ်ဝန်းကျင်နှင့် ဒေသန္တရဆိုင်ရာ သဘာဝအရင်းအမြစ်များကို အသုံးချခြင်းဖြင့် ဒေသဖွံ့ဖြိုးရေး ပရောဂျက်များကို အဓိကလုပ်ဆောင်နေသည်။

Yan Yoshie

မလေးရှားလူမျိုးဖခင်ရှိပြီး မလေးရှားနိုင်ငံနှင့် ဂျပန်နိုင်ငံနှစ်နိုင်ငံလုံးမှာ ပညာဆည်းပူးခဲ့သည်။ တက္ကသိုလ်ဘွဲ့ရပြီးနောက် စင်္ကာပူနိုင်ငံကိုအခြေပြုပြီး စီးပွားရေးအတိုင်ပင်ခံအဖြစ် လုပ်ကိုင်ခဲ့ပြီးနောက် IT ကုမ္ပဏီတစ်ခုမှာ မန်နေဂျာလုပ်နေပါသည်။。


© Asia21 Fan Site, all rights reserved.