Asia21 Fan Site Asia21 Fan Site

School of Asia21

Fan Site

ဂျပန်မှာ ပညာလေ့လာသင်ယူမည်။


ပညာသင်ယူပြီး အသက်မွေးဝမ်းကြောင်းဆိုင်ရာ အလုပ်အကိုင် ရွေးချယ်မှုများကို တိုးများစေမည်။

နိုင်ငံခြားမှာ ပညာသင်ကြားဖို့ ဆုံးဖြတ်တာဟာ အလွန်ကြီးမားတဲ့ ဆုံးဖြတ်ချက်ပါ။ ကိုယ်မျှော်မှန်းထားသည့်အတိုင်း နိုင်ငံခြားဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ပါ့မလား။ ကိုယ်အမှန်တကယ် သင်ယူလိုတဲ့ ဘာသာရပ်ကို သေချာသင်ယူနိုင်ပါ့မလား။ နိုင်ငံခြားမှာ ကျောင်းတက်ရင်း အချိန်ပိုင်းအလုပ်တွေရောအဆင်ပြေပါ့မလား။ သူငယ်ချင်းအသစ်တွေ ရပါ့မလား။ ကျောင်းသွားတတ်ဖို့ ပိုက်ဆံလည်း ဘယ်လောက်လောက်ကုန်ကျမလဲ။ ပြင်ဆင်ဖို့အတွက် အချိန်တွေလည်း ဘယ်လောက်လိုလဲ အစရှိသဖြင့် နိုင်ငံခြားမှာကျောင်းတက်ဖို့နဲ့ သက်ဆိုင်တဲ့ စိုးရိမ်ပူပန်မှုအကြောင်းကို ပြောရင်တော့ ဘယ်တော့မှ ဆုံးမှာမဟုတ်ဘူး။ သို့သော်ငြားလည်း ဒီလိုမျိုးခက်ခက်ခဲခဲကြားကနေ သင်ယူလိုက်တဲ့ရလဒ်ကတော့ သင့်ကို ဒီထက်မကပိုပြီးကြီးမားတဲ့ ခွန်အားတွေကို ပိုင်ဆိုင်စေလာနိုင်မှာဘဲ ဖြစ်သည်။ အနာဂတ်အသက်မွေးဝမ်းကြောင်းအတွက် ရွေးချယ်နိုင်တဲ့ အလုပ်အကိုင်နယ်ပယ်တွေ ကျယ်ပြန့်လာမည့် ရလဒ်တွေလည်းရှိလာမည်။ ဒီအတွက် အရေးကြီးတာကတော့ အရှေ့ကို ခြေတစ်လှမ်းတိုးနိုင်မည့် သတ္တိရှိရမည်။ ဒီလိုမျိုးရွေးချယ်လိုက်မှုက သင့်ဘဝကို ပိုမိုတိုးတက်ချမ်းသာစေပါမည်။
ဤဝက်ဘ်ဆိုဒ်က ဂျပန်နိုင်ငံအတွင်းမှာ ပညာလေ့လာဆည်းပူးဖူးသူများ သို့မဟုတ် နိုင်ငံရပ်ခြားမှာ ပညာလေ့လာဆည်းပူးသူများနှင့် အနာဂတ်မှာနိုင်ငံရပ်ခြားမှာ ပညာသွားရောက်ဆည်းပူးရန် စဉ်းစားနေသူများအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်ပါသည်။ ထို့အပြင် မိမိတို့ ကြုံတွေပြီး သိရှိနားလည်ထားတဲ့ ပညာတော်သင်အတွေ့အကြုံတွေကို Junior များအတွက် အကျိုးပြုစေလိုတဲ့ စိတ်ဆန္ဒများရှိတဲ့ စီနီယာတွေက စုပေါင်းပြီး Support Study in Japan ကို လုပ်နေရခြင်းဘဲဖြစ်သည်။ တစ်ခုဘဲတောင်းဆိုလိုတာကတော့ မိမိတို့ရဲ့ အနာဂတ်ဖြစ်နိုင်ချေများကို ချဲ့ထွင်ကြပါစို့ လိုတဲ့ Slogan ဘဲဖြစ်ပါသည်။



Peer Supporter


© Asia21 Fan Site, all rights reserved.