ဂျပန်တက္ကသိုလ်များအတွက် ဝင်ခွင့်စာမေးပွဲဖြေဆိုရန် နည်းလမ်း (၂) မျိုး
၁။ မိမိနေထိုင်ရာနိုင်ငံ(နိုင်ငံခြား)မှ ဂျပန်တက္ကသိုလ်သို့ လျှောက်ထားခြင်း။
၂။ ဂျပန်နိုင်ငံပြည်တွင်းမှာ အင်တာဗျူးဖြေဆိုခြင်း။
ဘယ်နည်းလမ်းနဲ့ဘဲဖြစ်ဖြစ် "EJU စာမေးပွဲ" ကိုဖြေဆိုရပါမည်။
1. EJU စာမေးပွဲ ကို ဖြေဆိုခြင်း
- ဂျပန်ဘာသာရပ်တွင် ကဏ္ဍသုံးရပ် ပါ၀င်ပါသည်။ Writing ( ၅၀ မှတ်)၊ Reading・Listening, Listening&Reading Comprehension (၄၀၀ မှတ်)။ စာမေးပွဲကြာချိန် ၁၂၅မိနစ်။
- Reading&Listening, Listening Reading Comprehension Testနှစ်ခုရဲ့ရလဒ် (၄၀၀ မှတ်) က ဝင်ခွင့်စာမေးပွဲအကဲဖြတ်တဲ့ထဲမှာ အကျုံးဝင်မည်ဖြစ်သည်။
- Reading&Listening, Listening Reading Comprehension မေးခွန်းကတော့ multiple choice ပုံစံ ဖြစ်ပါသည်။
2.Japan EJU စာမေးပွဲအချိန်ဇယား
- လျှောက်လွှာတင်ရမည့်ကာလ - ၂၀၂၃.၂. ၁၃ -၂၀၂၃.၃.၁၀ ညနေ ၅ နာရီ (ဂျပန်စံတော်ချိန်) ဂျပန်ပြည်တွင်းဖြစ်ပါက website မှတဆင့်လျှောက်ရပါမည်။
- စာမေးပွဲရက်- ၆လပိုင်း၁၈ ရက်
- အဖြေထွက်မည့်ရက်- ၇လပိုင်း ၂၆ ရက်
3. ပြည်ပစာမေးပွဲကျင်းပမည့်နေရာများနှင့် စာမေးပွဲကြေးများ
JASSO Website (All Languages / Japanese)
4.မေးခွန်းဟောင်းများ (ဂျပန်)
JASSO Website
Ⅰ။ဂျပန်ပြည်ပမှ ဂျပန်တက္ကသိုလ်သို့ ဝင်ခွင့်လျှောက်ထားခြင်း။
၁။ ဖောင်လက်ခံသည့်ကာလ
- စာရွက်စာတမ်းများကို ၉လပိုင်း ၉ ရက်မှ ၁၆ ရက်အတွင်း ပေးပို့ရမည်ဖြစ်ပြီး စာမေးပွဲကြေး ယန်း ၅၀၀၀ ကုန်ကျမည်။
- အောင်စာရင်းကို ၁၀လပိုင်း ၁၈ ရက်နေ့ နောက်ဆုံးထားပြီး ထုတ်ပြန်ကြေငြာပါမည်။
Ⅱ။ဂျပန်ပြည်တွင်း၌ အင်တာဗျူးဖြေဆိုခြင်း
၁။ဖောင်လက်ခံသည်ကာလ
- ပထမအကြိမ်လျှောက်လွှာလက်ခံသည့်ကာလ- ၉လပိုင်း ၂၂ - ၂၉ ရက် အတွင်း (အွန်လိုင်း + စာရွက်စာတမ်းပို့ပေးခြင်း) ပထမအကြိမ်စာမေးပွဲရက်- ၁၁လပိုင်း ၂၀ ရက်နေ့ (တိုကျို) အောင်စာရင်းကြေငြာမည့်ရက်- ၁၂လပိုင်း ၁ ရက်နေ့
- ဒုတိယအကြိမ် လျှောက်လွှာလက်ခံသည့်ကာလ- ၁၂လပိုင်း ၉ ရက်- ၁၅ ရက်အတွင်း (အွန်လိုင်း + စာရွက်စာတမ်းပေးပို့ခြင်း) ဒုတိယအကြိမ်စာမေးပွဲရက်- ၂လပိုင်း ၂ ရက် (တိုကျို) အောင်စာရင်းကြေငြာမည့်ရက်- ၂လပိုင်း ၁၅ ရက်နေ့
2.တက္ကသိုလ်ဝင်ခွင်စာမေးပွဲအကြောင်းအရာ
မှတ်ချက်- ကျင်းပမည့်နှစ်နှင့်လိုက်ပြီး ရက်စွဲများ ပြောင်းလဲနိုင်သည်။/p>