Asia21 Fan Site Asia21 Fan Site

Class

Asia21 Fan Site

သင်ယူလေ့လာနိုင်မည့်ပညာရပ်များ


ဘာသာစကား/ယဉ်ကျေးမှု/အထူးပြု

ဂျပန်မှာ ကျောင်းသွားတက်နိုင်တဲ့ တက္ကသိုလ်တစ်ခုအနေဖြင့် Kokushikan University ရဲ့ Department of 21st Century Asian Studies ကို မိတ်ဆက်ပေးပါမည်။ ဒီဌာနမှာ ဘာတွေကို လေ့လာသင်ယူနိုင်လဲဆိုတာကိုလည်း မိတ်ဆက်ပေးပါမည်။ အကျယ်တဝင့်ပြောရလျှင် ဘာသာစကား၊ ဂျပန်ယဉ်ကျေးမှု၊ စီးပွားရေးနှင့် လူ့အဖွဲ့အစည်းစသည့် အထူးပြုအသိပညာများကို သင်ယူနိုင်ပါသည်။ ပညာသင်ကာလ ၄နှစ် ပြီးပါက ဂျပန်ကုမ္ပဏီများမှာ ဝင်ရောက်ပြီး အလုပ်လုပ်နိုင်ပါသည်။ ဟိုသည်များ၊ Tradingကုမ္ပဏီများ၊ ခရီးသွားအေဂျင်စီများ စသည့်လုပ်ငန်းများနှင့် အလုပ်အကိုင်အမျိုးမျိုးရှိပါသည်။ အနာဂတ်အလုပ်အတွက် လိုအပ်သော အသိပညာကို လေ့လာသင်ကြားဖို့ တိုက်တွန်းလိုပါသည်။


Peer Supporter


Asia21 Fan Site Asia21 Fan Site

Japanese Language

You can learn many languages other than Japanese

ဂျပန်စာနှင့်


အခြားဘာသာစကားလည်းအမျိုးမျိုးရှိသည်။

ဦးစွာ၊ ဂျပန်စာ အရည်အချင်းကို စစ်ဆေးပါမည်။ ထို့နောက် အရည်အချင်းနဲ့ ကိုက်ညီတဲ့ အတန်းများမှာ တက်ရပါသည်။ ဂျပန်စာအတန်းက တစ်ပတ်လျှင် သုံးကြိမ်ရှိပြီး တတိယနှစ်အထိ တောက်လျှောက် လေ့လာသင်ယူရမည်။ ဂျပန်စာအပြင် အင်္ဂလိပ်စာ၊ တရုတ်စာ၊ ကိုးရီးယားစာ၊ အင်ဒိုနီးရှားဘာသာ၊ ထိုင်းဘာသာ၊ ဗီယက်နမ်ဘာသာနှင့် မြန်မာစာတို့ကိုလည်း လေ့လာနိုင်သည်။


Asia21 Fan Site Asia21 Fan Site

Culture

Understand Japanese traditional culture such as tea and flowers

ယဉ်ကျေးမှု


လက်ဖက်ရည်၊ ပန်း၊ ကိုတို စသည်ဖြင့်

ကျောင်းသားများအား ဂျပန်ယဉ်ကျေးမှုကို စေ့စေ့စပ်စပ်နားလည်နိုင်စေရန် ကူညီပေးရန်အတွက် လက်ဖက်ရည်ပွဲ၊ ပန်းစည်းပေးခြင်း၊ ဂျပန်အကနှင့် koto နှင့် shamisen ကဲ့သို့သော ရိုးရာယဉ်ကျေးမှုဆိုင်ရာ ဘာသာရပ်များကို သင်ကြားပေးပါသည်။ ကျွန်ုပ်တို့သည် ကရာတေး၊ အိုက်ကီဒိုနှင့် လေးပစ်စသည့် ကိုယ်ခံပညာဆိုင်ရာ သင်တန်းများကိုလည်း ပေးပါသည်။


Asia21 Fan Site Asia21 Fan Site

Specialty

Acquire deep knowledge about business, culture and society

အထူးပြုဘာသာရပ်


စီးပွားရေး/Social

ဤဌာနတွင် စီးပွားရေးနယ်ပယ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် စီးပွားရေးနှင့် စီမံခန့်ခွဲမှုဘာသာရပ်ကို လေ့လာနိုင်သည်။ အလုပ်ရှာဖွေရာတွင် အလွန်အသုံးဝင်တဲ့ အထူးပြုဘာသာရပ်ဖြစ်သည်။ ထို့အပြင်၊ စီးပွားရေးလုပ်ငန်း၏ နောက်ခံမှာရှိတဲ့ လူ့ဘောင်အဖွဲ့အစည်းဆိုတာက ဘယ်လိုမျိုးလဲ၊ ယဉ်ကျေးမှုဆိုတာက ဘာလဲ အစရှိသဖြင့် လူ့ဘောင်အဖွဲ့အစည်းအတွင်းနေထိုင်ရာတွင် လိုအပ်သည့် အသိပညာများ ကို လေ့လာဆည်းပူးနိုင်မှာဖြစ်သည်။


ကျောင်းလခနှင့် ဝင်ငွေ



တစ်နှစ်တာ ကျောင်းလခမှာ ယန်း ၁၀သိန်း ခန့်ဖြစ်သည်။ အိမ်လခ နှင့် အစားအစာအဖိုးအခ တို့ပါဝင်တဲ့ နေထိုင်မှုစရိတ်က တစ်လလျှင် ယန်း ၁သိန်းခန့်လောက်ကုန်ကျမည်ဖြစ်သည်။ တစ်နှစ်တာကာလအတွက် စုစုပေါင်းကုန်ကျစရိတ်မှာ ယန်း ၂၂ သိန်းခန့်ဖြစ်သည်။ အချိန်ပိုင်းအလုပ်အတွက် သတ်မှတ်ထားတဲ့နာရီတွေကတော့ ကျောင်းဖွင့်တဲ့ကာလဖြစ်ပါက တစ်ပတ်လျှင် ၂၈ နာရီ နှင့် ကျောင်းပိတ်တဲ့၄လခန့်ကာလအတွင်းဆိုရင် တစ်ပတ်ကို နာရီ ၄၀ အလုပ်လုပ်နိုင်သည်။ အချိန်ပိုင်းအလုပ် တစ်နာရီစာလခမှာ ယန်း၁၂၀၀ခန့်ဖြစ်သည်။ အချိန်ပိုင်းအလုပ်မှ နှစ်စဉ် ၀င်ငွေမှာ ယန်း ၁၈ သိန်း ၄ သောင်းနီးပါး ဖြစ်သည်။ စာမေးပွဲအောင်စရင်းအမှတ်များအပေါ်မူတည်ပြီး တစ်လလျှင် ပညာသင်ဆုထောက်ပံ့ကြေး ယန်း 30,000 ခန့် ရရှိမည်ဖြစ်သည်။ တစ်နှစ်လျှင် ယန်း ၃၆၀,၀၀၀ ကို ရယူနိုင်မှာဖြစ်သည်။ ဒါကိုအခြေခံပြီးတွက်လိုက်ပါက 184 + 36 - 220 = 0 ။ သို့သော် ထင်သလို အချိန်ပိုင်းအလုပ်ကို မလုပ်နိုင်တာမျိုး၊ စကော်လမရတာမျိုးလည်းရှိနိုင်မည်။ ထို့အတွက် ယခုဖော်ပြထားသည်ပမာဏများကတော့ အကြမ်းဖျင်းတွက်ချက်ထားမှုများသာ ဖြစ်သောကြောင့် လုံလောက်သောအခကြေးငွေများကို ပြင်ဆင်ထားဖို့ရန် တိုက်တွန်းအကြံပြုအပ်ပါသည်။


© Asia21 Fan Site, all rights reserved.